Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားအုန်းဆီဈေးရာဂဏာန်းတက်၊ ရည်ညွှန်းဈေးတစ်ပိဿ(၆၆၁၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်၊ဖုန်းဆက်မှာယူနိုင်

အခုအပတ်မှာတော့ စားအုန်းဆီတစ်ပိဿာ (၆၆၁၀) ကျပ်ဖြင့်ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က စားအုန်းဆီတစ်ပိဿကို ရည်ညွှန်း‌ဈေး (၆၅၂၀) ကျပ်ရှိခဲ့ရာမှ အခုအပတ်မှာလည်း တစ်ပိဿကို(၆၆၁၀)ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

၂၀၂၅ခုနှစ် စက်တင်ဘာလ(၁၅)ရက်မှ(၂၁)ရက်အထိ စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေး ၊(၆၆၁၀)ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ဈေးကစားဖို့ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း စားအုန်းဆီတွေကို ဖုန်းဆက်မှာယူနိုင်ပြီး ‘မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း’ Facebook Pageမှာခရိုင်အလိုက်၊မြို့နယ်အလိုက်မှာယူနိုင်မယ့် ဖုန်းနံပါတ်တွေ ဖော်ပြထားပြီးဖုန်း01-4705566/ 09-771002722/ 01-4706722တို့ကိုဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ပြည်တွင်းသတင်း#စားအုန်းဆီ#yangonMyanmar