အခုရက်ပိုင်းမှာ ရန်ကုန်မှာ မိုးပါးပြီး နေ့အပူချိန်တွေမြင့်တက်နေသော်လည်း ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ အပူပိုင်းမုန်တိုင်းငယ်ဟာ နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းနိုင်လို့ ဒေသအချို့မှာ မိုးပြန်ရွာခြင်း၊မိုးသည်းခြင်းတွေဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒီနေ့ညနေအထိခန့်မှန်းချက်အဖြစ် မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည် တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာ ဝတီတိုင်း ဒေသကြီးနှင့် ချင်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းဖို့ရှိတယ်လို့ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဲဒီ့ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသ