Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မြို့ ၊လသာမြို့နယ်တွင် အထပ်မြင့်တိုက်ပေါ် ကနေလူတစ်ဦး ပြုတ်ကျ

တိုက်ပေါ်မှ လူတစ်ဦးပြုတ်ကျပြီး ဂမုန်းပွင့်အဆောက် အအုံပေါ်တီကိုအမိုးပေါ်သို့တင်သွားလို့ ရှာဖွေကယ်ဆယ်လိုက်ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရပါတယ်။

စက်တင်ဘာလ(၁၇)ရက်၊၀၁:၅၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျရာမှ အောက်ရှိ ဂမုန်းပွင့်အဆောက်အဦ ပေါ်တီကိုအမိုးပေါ်သို့တင်နေတယ်လို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေယာဉ် (၁)စီး ထွက်ခွာကူညီခဲ့ပြီး ၀၂ ၃၀ အချိန် ကယ်ဆယ်ပြီးစီးပြီး ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား လသာမြို့နယ်(၂)ရပ်ကွက်၊ (၁၇)လမ်း(အထက်)၊ ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#mercurynews#ပြည်တွင်းသတင်း#မှုခင်းသတင်း#လသာမြို့နယ်#ရန်ကုန်မြို့