အမေရိကန်အစိုးရက မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၆) နိုင်ငံကို အမေရိကန်နိုင်ငံသားများ ခရီးသွားလာခြင်း လုံးဝမပြုလုပ်ရန် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။
အဆိုပါနိုင်ငံများမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ အီရန်နှင့် ရုရှားနိုင်ငံတို့ဖြစ်ပြီး အဲ့ဒီနိုင်ငံများမှာ အမေရိကန်နိုင်ငံသားများအနေနဲ့ မှားယွင်းစွာ ထိန်းသိမ်းခံရနိုင်ခြေနှင့် လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်များ ရှိနေတာကြောင့်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။
ယခုထုတ်ပြန်ချက်ဟာ အဆိုပါ နိုင်ငံ (၆) ခုကို အန္တရာယ်အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၄ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး၊ ပြည်ပရောက် အမေရိကန်နိုင်ငံသားများအတွက် ကာကွယ်မှုအားကောင်းစေရန် ရည်ရွယ်ကာ သမ္မတ ထရမ့် လက်မှတ်ရေးထိုးထားတဲ့ အမိန့်အောက်မှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။