Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လာမည့်အောက်တိုဘာလမှစ၍ ပြည်ပကိုဆန်တန်ချိန်(၁)သိန်းပိုတိုးပြီး တင်ပို့နိုင်ရေးဆောင်ရွက်နေ


မြန်မာနိုင်ငံအနေနဲ့ လာမယ့်အောက်တိုဘာလမှစပြီး ဆန်တန်ချိန်(၁)သိန်းပိုတိုးပြီး ပြည်ပကိုတင်ပို့ရေးဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ဖော်ပြချက်အရသိရပါတယ်။


၂၀၂၅ခုနှစ်၊စက်တင်ဘာလအထိ တန်ချိန်(၂)သိန်း၊အောက်တိုဘာလမှစလို့ ၂၀၂၆ခုနှစ် မတ်လအထိနောက်ပိုင်းလတွေမှာတော့တစ်လကို ဆန်တန်ချိန်(၃)သိန်းစီတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသလို တရုတ်၊ဘင်္ဂလားဒေ့ရှ်တို့ကို တင်ပို့ရောင်းချနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ပြည်ပတင်ပို့တဲ့ကုမ္ပဏီတွေအနေနဲ့ ဝယ်လိုအားကို မြှင့်တင်ဝယ်ယူနေပြီး အသင်းချုပ်သို့ စပါး၊ဆန်ဝယ်ယူစုဆောင်းမှုမှတ်တမ်းကိုအပတ်စဉ်သောကြာနေ့တိုင်းပေးပို့ကြဖို့တိုက်တွန်းထားပါတယ်။