Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းနိုင်ငံတွင် ခွေးဘီလူးကိုက်သည့်အတွက် နှစ်လသားအရွယ် ကလေးငယ် ‌ေ-သဆုံး


ထိုင်းနိုင်ငံ၊ ယူထိုင်ဌာနီ မြို့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ က နှစ်လသားအရွယ် ကလေးငယ်တစ်ဦး ခွေးဘီလူးကိုက်သ-တ်လို့ ‌ေ-သဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ကလေးရဲ့ မိဘတွေဟာ ပစ္စည်းအဟောင်းအနွမ်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပြီး ကလေးငယ်ကို ခွေးပိုင်ရှင်ရဲ့အိမ်ထဲမှာရှိတဲ့ ကလေးတွန်းလှည်းထဲ ထည့်ထားခဲ့တာဖြစ်ပါတယ်။ မိဘတွေ ပစ္စည်းတွေစုစည်းနေစဉ်အတွင်း “Big” လို့ နာမည်ပေးထားတဲ့ နှစ်နှစ်သားအရွယ် ခွေးဘီလူးက ကလေးငယ်ကို အရုပ်နဲ့မှားယွင်းပြီး ကိုက်ချီသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ခွေးဟာ ကလေးကို တွန်းလှည်းထဲကနေ ဆွဲထုတ်ပြီး ရေမြောင်းထဲ ဆွဲချသွားခဲ့တာဖြစ်လို့ ခြောက်မီတာလောက်ရှိတဲ့ သွေးစွန်းရာတွေကို တွေ့ရကြောင်း ရဲတွေက ပြောပါတယ်။ ကလေးရဲ့ ဖခင်ဖြစ်သူ ဒူဆစ် ဆာလီက ကလေးရဲ့ ငိုသံကြောင့် လိုက်သွားပြီး ခွေးနောက်ကနေ ခြောက်လှန့်ကာ ကလေးကို ပြန်ကယ်ဆယ်ခဲ့ပေမယ့် ဆေးရုံအရောက်မှာ ကလေးငယ်ဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
ခွေးပိုင်ရှင်ကတော့ “Big” ဟာ ကလေးအရုပ်လေးတွေကို သူ့အတွက် ဆော့စရာလို့ မှတ်ယူထားတာဖြစ်နိုင်တယ်လို့ ရဲတွေကို ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်အတွက် သေမှုသေခင်းအမှု ဖွင့်ထားပြီး ခွေးကိုလည်း လောလောဆယ် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။