Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အဝေးသင်တက္ကသိုလ်စာမေးပွဲများ အောက်တိုဘာ ၁ ရက်နေ့ စတင်ကျင်းပမည်

လာမယ့်အောက်တိုဘာလအတွင်း အဝေးသင် သင်တန်းတွေဖြေဆိုကြရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

ပထမအသုတ်အဝေးသင် သိပ္ပံအထူးပြုဘာသာရပ်အားလုံးအနေနဲ့ အောက်တိုဘာလ (၁)ရက်မှ(၉)ရက်အထိဖြေဆိုကြရမှာ ဖြစ်ပါတယ်။

ဒုတိယအသုတ်အ‌ဝေးသင် ဝိဇ္ဇာဘာသာအထူး ပြု (ဘာသာရပ်- အင်္ဂလိပ်စာ၊ဥပဒေ၊ပထဝီ၊စိတ် ပညာ ၊အရှေ့တိုင်းပညာ၊ဒဿနိကဗေဒ) အောက်တို ဘာလ (၂၄)ရက်မှ(၃၀)ရက်အထိဖြေဆိုကြရမှာ ဖြစ်ပါတယ်။

တတိယအသုတ် ဝိဇ္ဇာဘာသာအထူးပြု (ဘာသာ ရပ်- မြန်မာစာ၊သမိုင်း၊စီးပွားရေးပညာ၊စီးပွားစီမံပညာ)တို့ကိုနိုဝင်ဘာလ(၁၃)ရက်ကနေ(၂၁)ရက်အထိအထိဖြေဆိုကြ ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

#mercurynews#ပြည်တွင်းသတင်း#အဝေးသင်စာမေးပွဲ#အဝေးသင်တက္ကသိုလ်