သောကြာနေ့က Spider-Man ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးနေစဉ် မင်းသား Tom Holland တစ်ယောက် စတန့်ပြကွက်တစ်ခုမှာ အမြင့်မှ ပြုတ်ကျခဲ့ပြီး ဦးခေါင်းထိခိုက်မိကာ ခေတ္တသတိလစ်သွားခဲ့ကြောင်း သိရပါတယ်။
ဖြစ်ပွားပြီးပြီးချင်း Tom Holland ကို ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ရပြီး သူနဲ့အတူ စတန့်သမားအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
Tom Holland ရဲ့ ဒဏ်ရာမှာ စိုးရိမ်စရာမရှိသော်လည်း ရိုက်ကူးရေးကို ရက်အနည်းငယ်ကြာ ရပ်နားထားခဲ့ရပြီး ဒီနေ့မှာ ရိုက်ကူးရေးပြန်လည်စတင်မယ့်ရက်ကို ညှိနှိုင်းရန် စတူဒီယိုဘက်မှ အစည်းအဝေးတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Tom Holland ဟာ လက်ရှိမှာ စတုတ္ထမြောက် Spider-Man ဇာတ်ကားဖြစ်တဲ့ Spider-Man: Brand New Day ကို မွေးရပ်မြေ အင်္ဂလန်နိုင်ငံတွင် ရိုက်ကူးနေခြင်းဖြစ်ပြီး၊ ရုပ်ရှင်ကို လာမယ့်၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ကိုးကား: Deadline
#mercury#mercurynews#ရုပ်ရှင်#နိုင်ငံတကာ#spiderman#tom