Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖိလစ်ပိုင်တွင် ရေကြီးရေလျှံမှုကာကွယ်ရေးစီမံကိန်းများကနေအဂတိလိုက်စားမှုရှိတဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြနေ

၂၀၂၅၊စက်တင်ဘာလ၊၂၃ရက်

ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးရေလျှံမှု ကာကွယ်ရေးစီမံကိန်းများမှာ အာဏာပိုင်များရဲ့ အကျင့်ပျက်ခြစားမှု‌တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲများ ပေါ်ပေါက်နေပါတယ်။

မနေ့က မြို့တော်မနီလာမှာ ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက ခဲများဖြင့် ပစ်ပေါက်ခြင်း၊ မော်တော်ယာဉ်တာယာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

သမ္မတအိမ်တော်ရှေ့မှာ ဆန္ဒပြရန် ကြိုးစားခဲ့ကြ ပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဝင်မခံခဲ့ဘဲ အကာအရံများကို ထိုးဖောက်ရန် ကြိုးစားရာကနေ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Manila Newsက ဖော်ပြပါတယ်။

ဖိလစ်ပိုင်ဘဏ္ဍာရေးဌာနရဲ့ အစီရင်ခံစာအရ ရေကြီးရေလျှံမှုကာကွယ်ရေးစီမံကိန်းများမှ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာ အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း အချက်အလက်များ ပေါ်ထွက်လာပြီးနောက် ပြည်သူများ ဒေါသထွက်နေကြခြင်းဖြစ်ပါတယ်။

အာဏာပိုင်များက ရေကြီးရေလျှံမှုများကို ကာကွယ်ရန် ငွေကြေးများစွာ သုံးစွဲခဲ့‌တယ်လို့ ပြောဆို နေပေမယ့်လည်း ယခုနှစ် မုတ်သုံရာသီ မိုးကြီးခဲ့တဲ့အခါ လက်တွေ့မှာ လုံလောက်တဲ့ အခြေခံအဆောက်အအုံများ၊စီမံကိန်းများမရှိဘဲ တဝက်တပျက် ရပ်ဆိုင်းထားသည်များသာ ရှိနေတာကို တွေ့ထားရပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် အငယ်ကမူ ဆန္ဒပြနေသူများကို အပြစ်မဆိုသာကြောင်း ပြောကြားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဓါတ်ပုံ-Gretty Image

#mercury#mercurynews#ဖိလစ်ပိုင်#ဆန္ဒပြ#အာဆီယံ#ရေကြီးရေလျှံ