Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

TikTok ကို တရုတ်မှ အမေရိကန်သို့ လွှဲပြောင်းရေး သမ္မတထရမ့် လက်မှတ်ရေးထိုးအတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က TikTok လူမှုကွန်ရက်ကို တရုတ်ပိုင်ရှင် ByteDance ကုမ္ပဏီဆီက‌နေ အမေရိကန်ရင်းနှီးမြှုပ်နှံသူများထံကို လွှဲပြောင်းမယ့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။

သဘောတူညီချက်အရ TikTokရဲ့ ရှယ်ယာ ၈၀% ကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများက ရယူပိုင်ဆိုင်မှာ ဖြစ်ပြီး၊ ကျန် ၂၀% အောက်ကိုသာ ByteDance နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။

သဘောတူညီချက်ရဲ့ အဓိကအချက်များအနေနဲ့ အမေရိကန်ကုမ္ပဏီများက TikTok ရဲ့ အမေရိကန်ဗားရှင်း လုပ်ငန်းလည်ပတ်မှု အများစုကို လွှဲယူမှာဖြစ်ပြီး TikTok ဗားရှင်းအသစ်ကို ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၇ ဦးနဲ့ထိန်းချုပ်မှာဖြစ်ပါတယ်။

အဲ့ထဲက ၆ ဦးမှာ အမေရိကန်လူမျိုးများဖြစ်ကာ ဆိုက်ဘာလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကျွမ်းကျင်သူများ ပါဝင်မှာ ဖြစ်သလို Oracle ဦးဆောင်တဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံသူအဖွဲ့က လုပ်ငန်းများကို ကြီးကြပ်မှာဖြစ်ပါတယ်။

သမ္မတထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စကားပြောဆိုပြီးနောက် အမေရိကန်မှာ TikTok ကို ဆက်လက်လည်ပတ်ခွင့်ပြုရန် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

#mercury#mercurynews#နိုင်ငံတကာ#tiktok#အမေရိကန်#တရုတ်