၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံရှိ ဘဏ်များအားလုံး ပိတ်ရက်ဖြစ်ကြောင်း ဘဏ်အသီးသီးက အသိပေးကြေညာထားပါတယ်။
အဆိုပါနေ့ဟာ လွှဲပြောင်းနိုင်တဲ့စာချုပ်၊ စာတမ်းအက်ဥပဒေအရ ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ပိတ်ထားမှာဖြစ်ပါတယ်။
ဘဏ်များပိတ်ထား ပေမယ့်လည်း Mobile Banking၊ Internet Banking နဲ့ Card ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများကို အောက်တိုဘာလ (၂) ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။
#mercury#mercurynews#မြန်မာ#ဘဏ်ပိတ်ရက်