ပြင်းထန်တဲ့ အလေးမ GYM ဆော့ပြီးအပြန်ရေချိုးခန်းတွင်ချော်လဲပြီး နှလုံးပိုင်းဆိုင်ရာ Shock ဖြစ်ကာ မအူပင်မြို့မှာ နာမည်ကျော်ကြားတဲ့ သမားတော်ဆရာဝန်ကြီး ဒေါက်တာ ထွဋ်မင်းဟန် ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကဖော်ပြထားပါတယ်။
စက်တင်ဘာလ(၂၉)ရက်ည(၇)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မအူပင်အခြေစိုက် သတင်းဌာနတွေမှာဖော်ပြပါရှိပါတယ်။
ဒေါက်တာ ထွဋ်မင်းဟန် ဟာဓနုဖြူမြို့နယ်ဇာတိဖွားဖြစ်ကာကွယ်လွန်ချိန်မှာအသက် (၄၉)နှစ်သာ ရှိသေးပြီး နာမည်ကြီး ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
အရင်ခင်က မအူပင်မြို့၊ အမှတ် (၈)ရပ်ကွက် ၊ ရေလဲလမ်း ၊ ဒေါ်လှအေး ထမင်းဆိုင်ခြေရင်းရှိ “စိန်ငွေသိန်း” ဆန်စက်ဝန်း မူလပိုင်ရှင်ရဲ့ တစ်ထပ်တိုက်နေအိမ်မှာ ဆေးခန်းဖွင့်လှစ် နေထိုင်ခဲ့ဖူးကြောင်းနဲ့ မအူပင်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆရာမ ဒေါ် ညိုမီဟန်နဲ့မောင်နှမ တော်စပ်သူ ဖြစ်ကြောင်း သိရပါတယ်။
Photo မူရင်း
#mercury#mercurynews#မြန်မာ#မအူပင်#မှုခင်း