အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ဟာ မနေ့ (စက်တင်ဘာ ၂၉ ရက်) က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးအပြီး ဂါဇာအတွက် ငြိမ်းချမ်းရေးအစီအစဉ်သစ်ကို သဘောတူညီခဲ့ကြပါတယ်။ သမ္မတထရမ့်က အဆိုပါအစီအစဉ်ကို “ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့” ဟု ခေါ်ဆိုခဲ့ပြီး ဟားမတ်စ်အဖွဲ့အား သဘောတူညီရန် သတိပေးခဲ့ပါတယ်။
အိမ်ဖြူတော်ကနေ ဟားမတ်စ်အဖွဲ့ထံ ပေးပို့လိုက်သည့် အချက် ၂၀ ပါ အဆိုပြုချက်မှာ
၁.ဂါဇာမှာ စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်
၂.ဟားမတ်စ်အဖွဲ့အနေနဲ့ အသက်ရှင်လျက်ရှိတဲ့အစ္စရေးဓားစာခံ ၂၀ ဦးနဲ့ သေဆုံးပြီလို့ယူဆရတဲ့ ဓားစာခံ ၂၀ ကျော်ရဲ့ ရုပ်အလောင်းများကို ၇၂ နာရီအတွင်း လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ (အစ္စရေးဘက်ကလည်း ဓားစာခံရုပ်အလောင်းတစ်လောင်း ပြန်လွှဲပေးပါက သေဆုံးပြီးသား ဂါဇာဒေသခံ ၁၅ ဦးရဲ့ ရုပ်အလောင်းများကို ပြန်လွှဲပေးမှာပါ။)
၃.ဟားမတ်စ်ဟာ ဂါဇာအုပ်ချုပ်ရေးမှာ ဘယ်လိုအခန်းကဏ္ဍမှာမှ မပါဝင်ရ။ (ဟားမတ်စ်တို့အနေနဲ့ လက်နက်ချရမှာဖြစ်ပြီး ဥမင်လိုဏ်ခေါင်းများနဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံများကို ဖျက်ဆီးပစ်ရမှာပါ။)
၄.- ဂါဇာကို ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ နိုင်ငံရေးကင်းရှင်းသော ပါလက်စတိုင်းကော်မတီက ယာယီအုပ်ချုပ်မှာဖြစ်ပြီး၊ ထရမ့်ဦးဆောင်တဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နိုင်ငံတကာအဖွဲ့သစ်က ကြီးကြပ်မှာဖြစ်ပါတယ်။ (ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ အပါအဝင် အခြားခေါင်းဆောင်များ ပါဝင်မှာပါ။)
၅.အစ္စရေးကလည်း ဂါဇာကို သိမ်းပိုက်ခြင်း သို့မဟုတ် ခွဲထုတ်ယူခြင်း မလုပ်ရဘဲ အစ္စရေးတပ်ဖွဲ့များဟာ အချိန်နှင့်အမျှ တဆင့်ပြီး တဆင့် ရုပ်သိမ်းသွားရမှာဖြစ်ပါတယ်။
၆.အဆိုပြုချက်ကို နှစ်ဖက်သဘောတူတာနဲ့ “အကူအညီအပြည့်အစုံကို ဂါဇာကမ်းမြှောင်သို့ ချက်ချင်း ပေးပို့သွားမှာဖြစ်ပါတယ်။
၇.ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရန် လမ်းဖွင့်ခြင်း – အစီအစဉ်အရ နောက်ဆုံးမှာ ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရေးအတွက် လမ်းဖွင့်ပေးထားမှာဖြစ်ပါတယ်
စတဲ့ အရေးကြီးအချက်တွေပါဝင်ပါတယ်။
သမ္မတထရမ့်က ဟားမတ်စ်အနေနဲ့ အစီအစဉ်ကို သဘောမတူပါက ဝန်ကြီးချုပ်နေတန်ယာဟု ကို “ဟားမတ်စ်တို့ရဲ့ ခြိမ်းခြောက်မှုကို ချေမှုန်းရမည့်တာဝန်ကို ပြီးဆုံးအောင် လုပ်ဆောင်ရန်” အမေရိကန်ရဲ့ ထောက်ခံမှုကို ရရှိမယ်”လို့ပြောကြားခဲ့ပါတယ်။ နေတန်ယာဟု ကလည်း ဟားမတ်စ် ပယ်ချပါက အစ္စရေးက “တာဝန်ကို အဆုံးသတ်တဲ့အထိ လုပ်ဆောင်သွားမယ်”လို့ အတည်ပြုထားပါတယ်။
#mercury#mercurynews#ဂါဇာ#နိုင်ငံတကာသတင်း#ငြိမ်းချမ်းရေး#အမေရိကန်#အစ္စရေး#ပါလက်စတိုင်း