Adobe ကုမ္ပဏီက စက်တင်ဘာလအစောပိုင်းမှာ ကြေညာခဲ့တဲ့ iOS | iPhone အတွက် Adobe Premiere: Video Editor App ကို App Store မှတစ်ဆင့် Download ဆွဲ၍ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မနေ့က စက်တင်ဘာ၃၀ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Adobe Premiere: Video Editor App မှာ ပုံမှန် Video Editing Tools များ၊ Caption စာတန်းထိုးခြင်း၊ Audio Extract လုပ်ခြင်း စတဲ့ လုပ်ဆောင်ချက်များကို အခမဲ့ (Free) အသုံးပြုနိုင်မှာဖြစ်ပြီး Adobe ရဲ့Firefly Generative AI Feature များကို အသုံးပြုလိုပါက တစ်လ $7.99 သို့မဟုတ် တစ်နှစ်မှာ $69.99 ဖြင့် ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။
Adobe က အစောပိုင်း ထုတ်လုပ်ခဲ့တဲ့ Premiere Rush App ကို မနေ့ကစက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး App Store ကနေ ဖျက်သိမ်းသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
iPhone အသုံးပြုသူများအနေနဲ့ Video Editing အတွက် Adobe Premiere App အသစ်ကို စတင်စမ်းသပ်အသုံးပြုနိုင်ပြီလည်း ဖြစ်ပါတယ်။
#mercury#mercurynews#နည်းပညာ#iphone#premierpro