နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ နေ့စားလုပ်သားများ အပိုထောက်ပံ့ကြေး တစ်လကို ကျပ် ၃၀၀၀၀ ထပ်မံခံစားခွင့်ရရှိကြမှာဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁ ရက်မှစတင်ပြီး တစ်လျှင် ကျပ် ၃၀၀၀၀ ဖြင့် လစဉ်ထောက်ပံ့သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဘဏ္ဌာရေးနှင့်အခွန်ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာ အရနိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ရေ၊လေ)ဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများပါ ခံစားခွင့် ရရှိကြမှာဖြစ်ပါတယ်။
အခု ချီးမြှင့်သော အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ သည် တတိယအကြိမ်မြောက်ဖြစ်ကာ သုံးနှစ်အတွင်း ကျပ် ၉၀၀၀၀ အပိုထောက်ပံ့ကြေး ခံစားခွင့်ရရှိခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေထဲက လခစားတွေအပြင်
နေ့စားလုပ်သားများလည်းတစ်နေ့လျှင် (၈)နာရီအတွက် လုပ်အားခ ကျပ် ၄၈၀၀ သာ ရရှိနေရာမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာကျပ် ၁၀၀၀၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ကျပ် ၁၀၀၀ တိုးမြှင့်ပေးအပ်ခဲ့ပြီး အခုနှစ် အောက်တိုဘာလမှာလည်း ကျပ် ၁၀၀၀ ထပ်မံ တိုးမြှင့်ပေးအပ်ခဲ့ရာ နေ့စားအလုပ်သမားများအနေဖြင့် တစ်နေ့လျှင် ကျပ် ၇၈၀၀ အထိ ရရှိလာမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#လစာ#၀န်ထမ်း