Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၂၀၂၅ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဗင်နီဇွဲလားက María Corina Machadoရရှိ

၂၀၂၅ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဗင်နီဇွဲလားက María Corina Machado
(ယခင် ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ)ရရှိခဲ့တယ်လို့ နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

ဆုပေးရတဲ့ အကြောင်းရင်းကတော့ “ဗင်နီဇွဲလားပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးများ မြှင့်တင်ရန်နှင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ တရားမျှတပြီး ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရန်အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု” ကြောင့် ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွက် နိုဘယ်ဆုတွေကို အောက်တိုဘာလ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကြေညာသွားမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ ကြေညာပြီးစီးတဲ့ ဆုရှင်စာရင်း ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


(၁)ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ (Physiology or Medicine) နိုဗယ်ဆု ကိုအောက်တိုဘာ ၆ ရက်Mary E. Brunkow၊ Fred Ramsdell (အမေရိကန်) နဲ့Shimon Sakaguchi (ဂျပန်)တို့ရရှိခဲ့ပါတယ်။ကိုယ်ခံအားစနစ်ဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးများကို ပြန်လည်မတိုက်ခိုက်စေရန် ထိန်းသိမ်းပေးတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်သော ရှာဖွေတွေ့ရှိမှုများအတွက် ရရှိခဲ့တာဖြစ်ပါတယ်။


(၂)ရူပဗေဒ (Physics)နိုဗယ်ဆုကို အောက်တိုဘာ ၇ ရက်John Clarke၊ Michel H. Devoret နဲ့ John M. Martinisတို့က ရရှိခဲ့ပြီး လျှပ်စစ်ပတ်လမ်းတစ်ခုမှာ မက်ခရိုစကုပ် (macroscopic) ကွမ်တမ်စက်ပိုင်းဆိုင်ရာ ဥမင်တူးခြင်းနှင့် စွမ်းအင် ပမာဏသတ်မှတ်ခြင်း (energy quantisation) ကို တွေ့ရှိခဲ့မှုအတွက် ဖြစ်ပါတယ်။


(၃)ဓာတုဗေဒ (Chemistry)နိုဗယ်ဆုကိုအောက်တိုဘာ ၈ ရက် မှာရွေးချယ်ခဲ့ပြီး Metal–Organic Frameworks (MOFs) များ တီထွင်ခြင်းအတွက် Susumu Kitagawa ၊ Richard Robson၊ Omar M. Yaghiတို့ရရှိခဲ့ပါတယ်။

(၄) စာပေ (Literature)နိုဗယ်ဆုကိုအောက်တိုဘာ ၉ ရက်ကြေညာခဲ့ပြီး ဟန်ဂေရီ စာရေးဆရာ)László Krasznahorkaiကရရှိခဲ့ပါတယ်။

(၅)ငြိမ်းချမ်းရေး (Peace)နိုဗယ်ဆုကိုအောက်တိုဘာ ၁၀ ရက်ကြေညာဖို့ ရှိပြီး ဒေါ်နယ်ထရမ့် (Donald Trump) ဟာ နိုဗယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ကို ရဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး ဆုရထိုက်တယ်လို့ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုမျှော်လင့်နေပါတယ်။


ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိသူကတော့ ဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုကို ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ခုနှစ်မှာ ရရှိခဲ့တယ်လို့ သိရပါတယ်။


(၆)စီးပွားရေးသိပ္ပံ (Economic Sciences)နိုဗယ်ဆုကိုအောက်တိုဘာ ၁၃ ရက်ကြေညာရန် ကျန်ရှိပါတယ်။
နိုဗယ်ဆုဆိုတာ လူသားမျိုးနွယ်အပေါ် အကျိုးသက်ရောက်စေရန် ဓာတုဗေဒပညာရှင်၊ တီထွင်သူတစ်ဦးနှင့် ဆွီဒင်လူမျိုးဖြစ်သည့် အဲလ်ဖရက် နိုဘယ်က “လူသားမျိုးနွယ်အတွက် အကျိုးပြုသက်ရောက်မှု ပြုနိုင်သောသူတွေကို ဆုချီးမြှင့်ဖို့” ဆိုပြီး သူကွယ်လွန်ခဲ့တဲ့ ၁၈၉၅ ခုနှစ်မှာ သေတမ်း အမှာစာချန်ခဲ့တဲ့အတွက် နှစ်စဉ်နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က နိုဗယ်ဆုတွေချီးမြှင့်ပေးတာဖြစ်ပါတယ်။