အာဆင်နယ်အသင်းခေါင်းဆောင်နှင့် နော်ဝေလက်ရွေးစင်ကွင်းလယ်လူ မာတင် အိုဒီဂတ် (Martin Ødegaard)ဟာ ဒူးဒဏ်ရာကြောင့် နိုဝင်ဘာလလယ်ပိုင်းအထိ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အသက် (၂၆) နှစ်အရွယ်ရှိ အိုဒီဂတ်ဟာ အောက်တိုဘာ ၄ ရက်နေ့က ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ် ပထမပိုင်းမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အစောပိုင်းမှာ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များသာလွဲချော်မယ်လို့ အာဆင်နယ်က ထုတ်ပြန်ခဲ့ပေမယ့်လည်း နောက်ဆုံး စစ်ဆေးချက်များအရ ပြန်လည်ကစားနိုင်မည့်အချိန်ဟာ နိုဝင်ဘာ လလယ်ပိုင်းနဲ့နှောင်းပိုင်းအထိ ကြာမြင့်မယ်လို့ သတင်းထပ်ထွက်လာတာဖြစ်ပါတယ်။
အိုဒီဂတ်အနေနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ဖူလ်ဟမ်၊ ပဲလေ့စ်၊ ဘန်လေ၊ ဆန်းဒါးလန်းအသင်းများနှင့် ပွဲစဉ်များ၊ ချန်ပီယံလိဂ်ပွဲများမှာ အက်သလက်တီကို မက်ဒရစ်နှင့် ဆလားဗီးယား ပရက်ဂ်အသင်းတို့နဲ့ ပွဲစဉ်တွေကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။
#mercury#mercurynews#အာဆင်နယ်#ဘောလုံး#အိုဒီဂတ်