Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

T-ara အဖွဲ့ဝင်ဟောင်း အွန်ဂျောင် (Eunjung) နှင့် နာမည်ကျော် ဒါရိုက်တာ ကင်မ်ဗြောင်ဝူး (Kim Byung Woo) တို့ လက်ထပ်တော့မည်

၂၀၂၅၊အောက်တိုဘာလ၊၁၇ရက်

နာမည်ကျော် K-Pop အဖွဲ့ T-ara ရဲ့ အဖွဲ့ဝင်ဟောင်း ဟမ် အွန်ဂျောင် (Ham Eunjung) ဟာ နာမည်ကျော် ဒါရိုက်တာ ကင်မ်ဗြောင်ဝူး (Kim Byung Woo)နဲ့ မကြာမီ လက်ထပ်တော့မှာဖြစ်ကြောင်း ကိုရီးယား မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အွန်ဂျောင်နဲ့ ကင်မ်ဗြောင်ဝူးတို့ဟာ အသက် (၈) နှစ်ခန့် ကွာခြားကြပြီး လက်ထပ်ပွဲကို ဆိုးလ်မြို့မှာ ကျင်းပမှာဖြစ်သလို မိသားစုဝင်များနဲ့ ရင်းနှီးသူများသာ တက်ရောက်မယ့် သီးသန့်မင်္ဂလာပွဲအဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။

သတင်းများအရ အသက် (၃၆) နှစ်အရွယ်ရှိ အွန်ဂျောင်နဲ့ အသက် (၄၅) နှစ်ဝန်းကျင်ရှိ ဒါရိုက်တာ ကင်မ်ဗြောင်ဝူးတို့ဟာ ရုပ်ရှင်လောက အသိမိတ်ဆွေများမှတစ်ဆင့် စတင်သိကျွမ်းခဲ့ကြပြီး နှစ်အတော်ကြာ ခင်မင်ရင်းနှီးခဲ့ရာမှ နောက်ဆုံးမှာ ဘဝလက်တွဲဖော်များအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါရိုက်တာ ကင်မ်ဗြောင်ဝူးဟာ တောင်ကိုရီးယားမှာ ထိပ်တန်း ဒါရိုက်တာတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ “The Terror Live”နဲ့ Blue Dragon Film Award ရဲ့ ‘အကောင်းဆုံး ဒါရိုက်တာသစ်ဆု’ နှင့် Baeksang Arts Award ရဲ့ ‘အကောင်းဆုံး ဒါရိုက်တာဆု’ တို့ကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။

#mercury#mercurynews#ကိုရီးယား#အနုပညာ#HamEunjung#KimByungWoo