နေပြည်တော်၊ ဉတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၅၉/၂) ညောင်လွန့်အထက်တန်းကျောင်းရှေ့မှာ မနေ့ (အောက်တိုဘာ ၁၆) ရက်က၊ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်မှာ ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ အမျိုးသား (၂) ဦးထဲက အမျိုးသား (၁) ဦးမှာထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး၊ ကျန် အမျိုးသား (၁) ဦးမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့ကို ပရဟိတလူနာတင်ယာဉ်များနဲ့ တပ်ကုန်းမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#mercury#mercurynews#နေပြည်တော်#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း