Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မဟာချိုင်မှာ ဘတ်တင်ဖို့ စောင့်နေတဲ့ တရားမဝင် မြန်မာလုပ်သား ၁၃၁ ဦး ဖမ်းဆီးခံရ

၂၀၂၅၊အောက်တိုဘာလ၊၁၇ရက်

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်နယ်မြေက အလုပ်သမားတန်းလျားတစ်ခုမှာ တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမား (၁၃၁) ဦးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၁၆) ရက်၊ ညနေ ၃ နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူများဟာ ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်ခွင့်ပြုမယ့် အလုပ်သမားလူသစ် မှတ်ပုံတင် (Work Permit) ခေါ် ‘ပန်းရောင်ကတ်’ (Pink Card) တင်ရန် စောင့်ဆိုင်းနေသူများဖြစ်ကြောင်း သိရပြီး ထိုင်းနိုင်ငံ ပြည်တွင်းကို ကျပ်သိန်း၈၀ပေးပြီး တက်လာရတဲ့ အလုပ်သမားတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုဟာ မြန်မာပွဲစားအချင်းချင်း အကျိုးအမြတ် ခွဲဝေမှု မတည့်ဘဲ ဖြစ်ပွားရာကနေ ပွဲစားတစ်ဦးက နေရာအတိအကျနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနဆီ တိုင်ကြားခဲ့တာကြောင့် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

#mercury#mercurynews#မြန်မာ#အလုပ်သမား#ထိုင်း