Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိတ္ထီလာ ရှမ်းတဲလေတပ်အနီး ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသမီး ၁ ဦး သေဆုံး

၂၀၂၅၊အောက်တိုဘာလ၊၁၇ရက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းအနီးရှိ လေယာဉ်ရုပ်ကြီးအကျော် နေရာမှာ ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားသူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ လူနာများနှင့် သေဆုံးသူ အမျိုးသမီးတို့ကို မိတ္ထီလာပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မှုခင်း#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း