————————————————————————————-
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၂)ရက်
မဟာဗန္ဓုလတံတားအောက်မှာ အောက်တိုဘာလ(၂၁)ရက်ညပိုင်းက စွန့်ပစ်ခံထားရတယ်လို့ ယူဆရတဲ့ သက်ကြီးအမျိုးသမီးလူနာ တစ်ဦးကိုတွေ့ရှိရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်။
အသက်(၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပလက်ဖောင်းပေါ်မှာ မှောက်ရက်လဲနေတယ်လို့ ဖုန်းဝင်လာလို့ ရှင်သန်ရေးကူညီမှုအသင်းမှ သွားရောက်ကြည့်ရူခဲ့ပြီး အနီရောင်အဆင့်အမျိုးသမီးလူနာကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ကိုယ်နဲ့ဆွေမျိုးတော်စပ်သူတွေကို လမ်းဘေးမှာမစွန့်ပစ်ကြဖို့လည်းအသင်းမှ ရေးသားဖော်ပြထားပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း