Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပူတင်ကို ထရမ့်က ဝေဖန်ခဲ့ပြီးနောက် ရုရှားရေနံကုမ္ပဏီများကို အမေရိကန်က ပိတ်ဆို့အရေးယူ

၂၀၂၅၊အောက်တိုဘာလ၊၂၃ရက်

အမေရိကန်က ရုရှားအပေါ် ဖိအားပေးတဲ့ ရုရှားရဲ့ အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil တို့ကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

သမ္မတ ဒေါ်နယ်လ် ထရမ့်က နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေး (Mark Rutte)နဲ့ အစည်းအဝေးအပြီးမှာ “ဗလာဒီမာနဲ့ စကားစကားပြောတိုင်း ကောင်းမွန်တဲ့ စကားဝိုင်းတွေ ဖြစ်ခဲ့ပေမဲ့ ဘယ်မှကို မရောက်ဘူး။ ဘယ်နေရာမှကို မရောက်ဘူး”လို့ ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးမှုများရဲ့ ရလာဒ်နဲ့ ပတ်သတ်ပြီး ပြောခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှု ကြေညာချက်ဟာ သမ္မတထရမ့်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဟန်ဂေရီ၊ ဘူဒါပက်မြို့မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အချိန်ကာလ အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း ပြောကြားပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) က “အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲကို အဆုံးသတ်ရေး ပူတင်ရဲ့ ငြင်းဆန်မှု” ကြောင့် ပိတ်ဆို့အရေးယူမှုအသစ်များ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒဏ်ခတ်လိုက်တဲ့ ကုမ္ပဏီများဟာ ခရင်မလင်ရဲ့ “စစ်ယန္တရား” ကို ရန်ပုံငွေ ထောက်ပံ့နေသော ရေနံကုမ္ပဏီများဖြစ်ကြောင်းလည်း ပြောထားပါတယ်။

အခု ပိတ်ဆို့အရေးယူမှု အစီအစဉ်ဟာ “Great” လို့ ထရမ့်က ခေါ်ဆိုခဲ့ပြီး ရုရှားက စစ်ပွဲရပ်တန့်ရန် သဘောတူပါက အရေးယူမှုများကို အလျင်အမြန် ရုပ်သိမ်းနိုင်ဖို့ဟု မျှော်လင့်ကြောင်း ပြောထားပါတယ်။

#mercury#mercurynews#ရုရှား#ထရမ့်#အမေရိကန် #