Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သမ္မတ ထရမ့် မလေးရှားမှ ဂျပန်နိုင်ငံသို့ ခရီးဆက်၊ နှစ်နိုင်ငံ ကာကွယ်ရေးနှင့် မဟာမိတ်ဆက်ဆံရေး ဆွေးနွေးမည်

၂၀၂၅၊အောက်တိုဘာလ၊၂၇ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ဟာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများကို တက်ရောက်ပြီးနောက် ယနေ့ (အောက်တိုဘာ ၂၇) နံနက်ပိုင်းမှာ မလေးရှားကနေ ဂျပန်နိုင်ငံဆီ ခရီးဆက်လက် ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်အတွင်း သမ္မတထရမ့်ဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးအသစ်ဖြစ်သူ ဆာနာအေ တာကာအီချီနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။တွေ့ဆုံမှုမှာ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး အပါအဝင် ကာကွယ်ရေးကိစ္စရပ်များအတွက် အားဖြည့်ဆွေးနွေးသွားမယ်လို့ သိရပြီး ဂျပန်ဧကရာဇ် နာရူဟီတိုနှင့်လည်း သမ္မတထရမ့် တွေ့ဆုံမှာဖြစ်ပါတယ်။

သမ္မတထရမ့်ဟာ အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်များမှာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီး သမ္မတ လီ ဂျေမြောင်နှင့် တွေ့ဆုံဆွေးနွေးမှာဖြစ်သလို အောက်တိုဘာ ၃၀ ရက်နေ့မှာ တောင်ကိုရီးယားမှာ တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

#Mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ဂျပန်