Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီးမြို့ ပန်သခွါးကျောင်းအနီး ကားမောင်းသူ ဦးနှောက်သွေးကြောပေါက်၍ ရုတ်တရက် သေဆုံး

၂၀၂၅၊အောက်တိုဘာလ၊၂၈ရက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ပန်သခွါးကျောင်းအနီးမှာ အောက်တိုဘာလ ၂၆ ရက် ညနေ ၄ နာရီခန့်က အမျိုးသားတစ်ဦးက ကားမောင်းနှင်နေစဉ် ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဆိုပါအမျိုးသားဟာ Hijet အမျိုးအစားယာဉ်ကို မောင်းနှင်လာစဉ် ဦးနှောက်သွေးကြောပေါက်ကာ ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်ပြီး ကံကောင်းစွာနဲ့ ယာဉ်မှာ တိမ်းမှောက်ခြင်း မရှိတာကြောင့် ယာဉ်ပေါ်မှာ ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းများကို မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ပိုင်ယာဉ်နဲ့ တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

#mercury#mercurynews#မြန်မာ#တောင်ကြီး#ပြည်တွင်းသတင်း