အာရှခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ဟာ ဂျပန်နိုင်ငံရဲ့ အသစ်ရွေးချယ်ခံရတဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင်၊ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဆာနာအေ တာကာအီချီ (Sanae Takaichi) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန်နဲ့ ဂျပန်အကြား နှစ်နိုင်ငံ ‘ရွှေခေတ် မဟာမိတ်ဆက်ဆံရေး’ ဖော်ဆောင်ရန်နဲ့ မြေရှားဓာတ်သတ္တု (Rare Earth Metals) ဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထရမ့်ဟာ ဂျပန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုမှာ မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး ဂျပန်နိုင်ငံမှအပြန်မှာ တောင်ကိုရီးယားဆီဆက်သွားပြီး တရုတ်ခေါင်းဆောင် ရှီ ကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သိရပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ဂျပန်
