မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျီးနီကန်မှာ ယနေ့ (အောက်တိုဘာ ၂၈) ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရပါတယ်။
ရမည်းသင်းခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြပြီး နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်မှာ ရေနစ်သေဆုံးသူ အမျိုးသား (၁) ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရေနစ်သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းအား သီလဝနာရေးကူညီမှုအသင်းပိုင် ယာဉ်နဲ့ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
#Mercury#ပြည်တွင်းသတင်း#mercurynews#မြန်မာ#ရေနစ်
