Apple ကုမ္ပဏီရဲ့ iPhone 17 စီးရီးဟာ စတင်ဖြန့်ချိပြီးနောက် ရောင်းအားကောင်းခဲ့မှုကြောင့် ကုမ္ပဏီ စျေးကွက်တန်ဖိုး (Market Cap) ကို စံချိန်သစ်ဖြစ်တဲ့ ဒေါ်လာ ၄ ထရီလီယံအထိ ဆွဲတင်သွားခဲ့ကြောင်း သိရပါတယ်။အခု အောင်မြင်မှုဟာ စည်းကြပ်ခွန်ကိစ္စများနဲ့ AI နှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည့်ကြားမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
iPhone 17 စီးရီးကို အမေရိကန်နှင့် တရုတ်ဈေးကွက်များတွင် စတင်ဖြန့်ချိခဲ့ပြီး ပထမ ၁၀ ရက်မှာပင် ယခင် iPhone 16 စီးရီးထက် ၁၄% ပိုမို ရောင်းအားကောင်းခဲ့သလို iPhone 17 lineup ထွက်ပြီးချိန်မှစကာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးသည် ၁၃% နီးပါး မြင့်တက်လာခဲ့ပါတယ်။
Apple ရှယ်ယာဈေး ၂၆၉.၈၉ ဒေါ်လာ အထိ တက်လာခဲ့ချိန်မှာ ကုမ္ပဏီရဲ့ Market Cap သည် ဒေါ်လာ ၄.၀၀၅ ထရီလီယံ ကို ရောက်ရှိခဲ့ပြီး Apple သည် Nvidia နှင့် Microsoft တို့နဲ့ တစ်တန်းတည်း ဒေါ်လာ ၄ ထရီလီယံတန် ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။
လက်ရှိတွင် ရှယ်ယာအနည်းငယ် ပြန်လည်ကျဆင်းသွားခဲ့တာကြောင့် ကုမ္ပဏီရဲ့တန်ဖိုးမှာ ဒေါ်လာ ၃.၉၉၂ ထရီလီယံ နဲ့ တတိယ Market Cap အကြီးဆုံးကုမ္ပဏီအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
#mercury#mercurynews#စီးပွားရေး#Iphone#နည်းပညာ
