Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကျိုင်းတုံမြို့နယ် မုတ်စွန်းမိုင်ရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

၂၀၂၅၊အောက်တိုဘာလ၊၃၀ရက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ မုတ်စွန်းမိုင်ရွာမှာ (အောက်တိုဘာ ၃၀) ရက်၊ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်ရာနေရာကို ကျိုင်းတုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာမီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု ဖြစ်ပွားပြီး မိနစ် ၃၀ ကျော်အကြာ နံနက် ၅ နာရီ ၀၅ မိနစ်အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#ကျိုင်းတုံ#မြန်မာ#ပြည်တွင်းသတင်း#မီးလောင်