Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကျင်းပမည်

——————————————————————————————————————

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၁)ရက်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ(၁)ရက်မှ(၄)ရက်အထိ (၄)ရက်ကြာကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တန်ဆောင်တိုင်ပွဲတော်သည် မြန်မာ့ရိုးရာ ယဥ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများ၏ လှပမှုကို ဖော်ပြလေ့ရှိသော ချစ်စရာ ဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော် ကာလ အထိမ်းအမှတ်အဖြစ်ပြည်တွင်းထုတ်ကုန်များ၊ လက်မှုပစ္စည်းများ၊ အစားအစာနှင့် အမှတ်တရပစ္စည်းမျိုးစုံ စုံလင်စွာ ခင်းကျင်းရောင်းချသွားမှာ ဖြစ်ပါတယ်။

ဈေးပွဲတော်ကြီးနဲ့အတူ ပရိတ်သတ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ Magic Show ၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်တဲ့ သဘာဝပတ်ဝန်းကျင် နေရာလှလှလေးများကိုပါ တစ်နေရာတည်း တစ်ချိန်တည်းမှာ ရှု့မြင် ခံစားနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

#mercury#mercurynews#မြန်မာ#ဈေးရောင်းပွဲတော်#ပြည်တွင်းသတင်း