Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နေပြည်တော် ပျဉ်းမနားမှာ ပံ့သကူ ကောက်ရာမှ ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွား၊ သုံးဦးဒဏ်ရာရ

၂၀၂၅၊နိုဝင်ဘာလ၊၅ရက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ နိုဝင်ဘာလ ၄ ရက်နေ့က ပံ့သကူ ပစ်ကြ၊ကောက်ကြရင်း ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး ကိုရင်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့ ဒဏ်ရာများရခဲ့တယ်လို့ သိရပါတယ်။

ပျဉ်းမနားမြို့၊ လက်ပန်ခါးလှ ကျေးရွာအနီးမှာ ပိုက်ဆံကောက်နေတဲ့ အမျိုးသားတစ်ဦးနှင့် ကိုရင်လေးတစ်ပါးကို ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးနှင့် ကိုရင်လေးကို မိုးစေတနာ ပရဟိတအသင်း (ပျဉ်းမနားရုံး) မှ လူနာတင်ယာဉ်နဲ့ ပျဉ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံဆီ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူပင် ပျဉ်းမနားမြို့၊ ပန်းခင်းမီးပွိုင့်အနီးမှာလည်း ပံသုကူပစ်ပြီးနောက် လမ်းဘေးမှာရပ်ကြည့်နေတဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် မိန်းကလေးငယ်ရဲ့ ခြေ၊ လက်၊ ဘယ်ဘက်မျက်လုံးတို့မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး မိုးစေတနာ ပရဟိတအသင်း (ပျဉ်းမနားရုံး) မှ လူနာတင်ယာဉ်နဲ့ ကနဦးမှာ ပျဉ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပေမယ့်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန သို့ အခမဲ့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။

#mercury#mercurynews#တန်ဆောင်မုန်းလပြည့်ည#ပံ့သကူ#ပြည်တွင်းသတင်း