Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နိုဝင်ဘာ ၁၂ ရက်ကျော်မှသာ တစ်နိုင်ငံလုံး မိုးလျော့နည်းမည်

၂၀၂၅၊နိုဝင်ဘာ၊၆ရက်

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ကျော်မှသာ မိုးရေချိန် သိသိသာသာ လျော့နည်းသွားမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဖော်ပြထားပါတယ်။

ဦးဝင်းနိုင်ရဲ့ ဖော်ပြချက်အရ နိုဝင်ဘာလ ၁၂ ရက်မတိုင်မီကာလမှာ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့ တိုင်ဖွန်းမုန်တိုင်း KALMAEGI တို့ရဲ့ သက်ရောက်မှုအနည်းငယ်ကြောင့် မြန်မာနိုင်ငံမှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ချေရှိနေသေးတယ်လို့ သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ရဲ့ ယနေ့ (နိုဝင်ဘာ ၅ ရက်) ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အရှေ့အလယ်ပိုင်း၊ မြန်မာနိုင်ငံနဲ့ ရခိုင်ကမ်းရိုးတန်းဒေသများမှာ ဖြစ်ပေါ်နေတဲ့ အားကောင်း လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) ဟာ နောက် ၁၂ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

#mercury#mercurynews#မြန်မာ#မိုးလေဝသ#ပြည်တွင်းသတင်း