Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်အနီး ယာဉ်တိုက်မှုဖြစ်ပွား

၂၀၂၅၊နိုဝင်ဘာလ၊၇ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ ကံတလူတိုးဂိတ်အနီးမှာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်အတွင်း လူတစ်ဦး ပိတ်မိညပ်နေတာကြောင့် စစ်ကိုင်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁) စီးနဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အိုးဘိုလူမှုကူညီရေးအသင်းက သူနာတင်ယာဉ် (၁) စီးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များရဲ့ ကြိုးပမ်းမှုကြောင့် ညနေ ၃ နာရီ ၄၈ မိနစ်အချိန်မှာ ယာဉ်အတွင်း ညပ်ပိတ်မိနေသူ အမျိုးသား (၁) ဦးအား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး အိုးဘိုလူမှုကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ စစ်ကိုင်း ကုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးဆီ ဆေးကုသမှုခံယူရန်အတွက် အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#mercury#mercurynews#စစ်ကိုင်း#ယာဉ်တိုက်မှု#မြန်မာ#ပြည်တွင်းသတင်း