Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်

(၂)ဆုဆွတ်ခူး၊မြန်မာကစုစုပေါင်းရွှေ၊ငွေ၊ကြေး(၁၂)ဆုရထား

————————————————————–

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၇)ရက်

အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့မှာကျင်းပနေတဲ့ ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲမှာ မြန်မာ့ဗိုဗီနမ် အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူးခဲ့တယ်လို့ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ သိရပါတယ်။

မြန်မာ့‌ဗိုဗီနမ်အားကစားမယ်မမေဟန်နီအောင်လွင်က တစ်ကိုယ်တော် (ဓားမြှောင်နှစ်လက် ) အပြပွဲစဉ်မှာ ရွှေတံဆိပ်ဆု၊မနှင်းသက်ဝေ ၄၈-၅၁ကီလိုတန်းအတိုက်မှာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲမှာ မြန်မာက အားကစားနည်း (၉)မျိုးမှာ ရွှေတံဆိပ်(၂)ဆု၊ငွေတံဆိပ်(၄)ဆုနဲ့ ကြေးတံဆိပ် (၆)ဆုတို့ရရှိထားတယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#‌ဗိုဗီနမ်#အားကစား#ပြည်တွင်းသတင်း