Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကယန်းလက်ဝှေ့မယ်ဘရော်နီကာ တရုတ်ဖိုက်တာကို အနိုင်ယူပြ

———————

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၈)ရက်

မြန်မာဖိုက်တာ ကယန်းလက်ဝှေ့ချန်ပီယံ ဘရော်နီကာက တရုတ်ဖိုက်တာ လီမင်ဂူရီကို အမှတ်နဲ့ အနိုင်ရရှိသွားပါတယ်။

ဘရော်နီကာက အက်တမ်ဝိတ်တန်း မွေထိုင်းလက်ဝှေ့ပွဲစဉ်မှာ ယှဥ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်ညပိုင်း က ဘန်ကောက်မြို့ လုမ္ပဏီအားကစားရုံမှာ ကျင်းပတဲ့ One Friday Night 132 ရဲ့ ဒုတိယခေါင်ပွဲစဉ်မှာ ဘရော်နီကာနဲ့ လီမင်ဂူရီ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို ကမ္ဘာ့မွေထိုင်း အဖွဲ့ချုပ် (WMO) က ပေးအပ်တဲ့ ၂၀၂၂ ခုနှစ် အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုရရှိထားတဲ့သူတစ်ဦး လည်းဖြစ်ခဲ့ဖူးပါတယ်။

#Mercury#mercurynews#onefridaynight #ကမ္ဘာ့မွေထိုင်း အဖွဲ့ချုပ်