Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

SPE FC ယှဉ်ပြိုင်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပွဲစဉ်များ ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်၊ပရိသတ်များအတွက် အခမဲ့ ဘတ်စ်ကား စီစဉ်ထား

၂၀၂၅၊နိုဝင်ဘာလ၊၈ရက်

မြန်မာနိုင်ငံ ကိုယ်စားပြု ISPE FC အမျိုးသမီးအသင်း ယှဉ်ပြိုင်မယ့် အာရှ အမျိုးသမီး ချန်ပီယံလိဂ် အုပ်စု (ဂ) ပွဲစဉ်များကို မနက်ဖြန် နိုဝင်ဘာလ ၉ ရက်နေ့မှစပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ပရိသတ်များ အဆင်ပြေစွာ လာရောက်အားပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ကွင်းဝင်ကြေး အခမဲ့ သတ်မှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပွဲကြည့်ပရိသတ်များ အပြန်ခရီး အဆင်ပြေမှုရှိစေရန် အတွက်လည်း MFF က ဘတ်စ်ကားများ ကို စီစဉ်ထားရှိပြီး အခမဲ့ စီစဉ်ပေးထားကြောင်း သိရပါတယ်။

ကွင်းအတွင်း လာရောက်အားပေးရန် ခက်ခဲတဲ့ ပရိသတ်များအတွက်လည်း ပွဲစဉ်များကို AFC Hub YouTube Channel အပါအဝင် ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသနိုင်ရန် စီစဉ်နေပြီး အသေးစိတ်ကို ဆက်လက်သတင်းထုတ်ပြန်ပေးသွားမယ်လို့ MFF က ကြေညာထားပါတယ်။

#mercury#mercurynews#ပြည်တွင်းသတင်း#မြန်မာ#အားကစား