ဆီးရီးယားသမ္မတ အာမက် ရှာရာ (Ahmad Sharaa) ဟာ အမေရိကန်ပြည်ထောင်စုကို တရားဝင် နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး၊သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) နှင့် အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
သမ္မတ အာမက် ရှာရာဟာ အမေရိကန်က သူ့ကို “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမား” အဖြစ် အထူးသတ်မှတ်ထားတဲ့ စာရင်းကနေ တရားဝင် ဖျက်သိမ်းပြီး နှစ်ရက်အကြာမှာ ဝါရှင်တန်ခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
ရှာရာဟာ သူပုန်မဟာမိတ်တပ်ဖွဲ့များရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဘာရှာ အဲလ် အာဆတ် (Bashar al-Assad) ကို ဖြုတ်ချနိုင်ခဲ့ပြီး ၁၁ လအကြာမှာ အမေရိကန်သမ္မတနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
အာဆတ်အစိုးရလက်ထက် ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်ခဲ့ရခြင်းနဲ့ ၁၃ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ အာမက် ရှာရာဟာ ကမ္ဘာ့အလယ်မှာ ဆီးရီးယားနိုင်ငံ တည်ရှိမှုကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။
#mercury#mercurynews#ဆီးရီးယား#အမေရိကန်#နိုင်ငံတကာသတင်း
