Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွှေသိန်း(၂၀၀)ကျော်ဖိုးနှင့်သိန်း(၁၀၀၀)ကျော်ဖိုးရောင်းဝယ်မည့်သူများလိုက်နာရမည့်အချက်ထုတ်ပြန်

————————————

၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ၊(၁)ရက်

ရွှေသိန်း(၂၀၀) ကျော်ဖိုးဝယ်ပါကMMQR စနစ်ဖြင့်ငွေပေးချေရန်နဲ့သိန်း(၁၀၀၀) အထက်ဖြစ်ပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့(AML/CFT)

သို့ သတင်းပို့ရန်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ ရွှေဆိုင်၊ရွှေသန့်စင်လုပ်ငန်းနဲ့

‌‌ ရွှေပန်း ထိမ်လုပ်ငန်းလုပ်ကိုင်သူများအ‌ေနဖြင့် သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနှင့်ကိုက်ညီသည့်အလေးချိန်ကို သတ်မှတ်ရည်ညွန်းဈေးဖြင့်သာရောင်းဝယ်ရမည်ဖြစ်သည့်အပြင် နေ့စဉ်/လစဉ်အရောင်းအဝယ်နှင့်လက်ကျန်အချုပ်စာရင်းကို လဆန်း၅ရက်အတွင်း မပျက်မကွက် တင်ပြရမှာဖြစ်ကြောင်း၊

သတ်မှတ်ထားတဲ့ စံချိန်စံညွန်းကိုက်ညီတဲ့ ဓာတ်သတ္တုရွှေတစ်ကျပ်သားအလေးချိန်မှာ ၁၆.၃၂၉၃၂၅ ဂရမ်ဖြစ်ပြီး

အဆိုပါအလေးချိန်ကို သတ်မှတ်ထားသော ဓာတ်သတ္တု‌(ရွှေ)ရည်ညွန်းဈေးဖြင့်သာ ရောင်းဝယ်ရမှာဖြစ်ကြောင်း၊

ဒီ့အပြင် ရွှေလုပ်ငန်းရှင်များမှ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိ ခန့်အပ်ထားရန်နှင့် ခန့်အပ်ထားပြီးတဲ့အထောက်အထားများကို ရွှေဆိုင်မှာ ထားရှိရမှာဖြစ်ကြောင်းပါဝင်တယ်လို့ဆိုပါတယ်။