Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုန်တိုင်း“ဒစ်ဝါ”နှင့်“ကိုတို”သက်ရောက်မှုမရှိဘဲ ရန်ကုန်အပါအဝင်ဒေသအချို့ညအပူချိန်သာ ကျဆင်းမည်

———————————————————————————

၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ၊(၁)ရက်

မြန်မာနိုင်ငံကို မုန်တိုင်း“ဒစ်ဝါ”နှင့်“ကိုတို”သက်ရောက်မှုမရှိဘဲ ရန်ကုန်အပါအဝင်ဒေသအချို့ညအပူချိန်သာ ကျဆင်းဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဒီဇင်ဘာလ(၁)ရက်ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာဖို့ရှိတယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနေဖို့ရှိတယ်လို့ သိရပါတယ်။

#mercury#mercurynews#မုန်တိုင်း#မြန်မာ#မိုးလေဝသ