၂၀၂၅၊ဒီဇင်ဘာလ၊၁၃ရက်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်မှာ နံနက် (၁၁) နာရီ (၂၂) မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ရပ် ဖြစ်ပွားတယ်လို့ သိရပါတယ်။
မီးငြှိမ်းသတ်ရေးအတွက် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းအရန်နှင့် အိုးဘိုအရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၆) စီး၊ စုစုပေါင်း ယာဉ် ၁၁ စီး နှင့် ထုံးဘိုအရန်မီးသတ်စခန်းနှင့် သုခကာရီ လူမှုကူညီရေးအသင်းတို့မှ ရေသယ်ယာဉ် (၃) စီး စုစုပေါင်း ယာဉ် ၁၄ စီး တို့ဖြင့် ထွက်ခွာမီးငြိမ်းသတ်ခြင်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
မီးလောင်ပြီး ၄၆မိနစ်အကြာ မွန်းလွဲ (၁၂) နာရီ (၀၈) မိနစ်အချိန်မှာ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#မီးလောင်#mercurynews#စစ်ကိုင်း#ပြည်တွင်းသတင်း
