Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသား ၁ ဦး ‌ေ-သဆုံး

၂၀၂၅၊ဒီဇင်ဘာလ၊၁၇ရက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၀) မိုင်အနီးမှာ မနေ့က ညနေပိုင်းမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိုက်မှုဟာ မနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ညနေ (၅) နာရီ (၅၈) မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်အတွင်း ညပ်ပြီး ‌ေ-သဆုံးခဲ့သူ အမျိုးသားကို ညနေ (၆) နာရီ (၂၂) မိနစ်အချိန်မှာ ထုတ်ယူနိုင်ခဲ့ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ဂရုဏာရှင်အသင်းပိုင်ယာဉ်နဲ့ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း