၂၀၂၅၊ဒီဇင်ဘာလ၊(၂၀)ရက်
မြန်မာနိုင်ငံရဲ့ ရေခဲတောင်တွေအနေနဲ့ ဒီဇင်ဘာလ (၂၇)ရက်မှာ ရေခဲထုတက်ဖို့ရှိတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ထံမှသိရပါတယ်။
ခါကာဘိုရာဇီတောင်နဲ့ဂန်လန်ရာဇီတောင်မှာ
ကြိုတင်ခန့်မှန်းချက်များအရ ၂၇ ရက်နေ့မှာ နှင်းထု ၀.၉ လက်မခန့်ထပ်မံကျဆင်းနိုင်သေးတယ်လို့ တွေ့ရပြီး အဲ့ဒီနေ့မှာ နေ့အပူချိန် -၁၂°C နဲ့ ညအပူချိန် -၁၉°C ရှိနိုင်ကာ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၅ မိုင်ရှိကြောင်း တွေ့ရပါတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ဖျားက အမြင့်ဆုံး ခါကာဘိုရာဇီတောင်နဲ့ဂန်လန်ရာဇီတောင်ထွတ်များရှိရာဒေသအတွင်း နှင်း(Snow)ဖုံးလွှမ်းမှုက ၁၂ လက်မ မှ ၁၅ လက်မကျော်အထိရှိနေပါတယ်။
မြန်မာတနိုင်ငံလုံးမှာ နှင်းကျတဲ့ဒေသဆိုလို့ အဲ့ဒီဒေသမှာပဲ ရှိပါတယ်။ကျန်တဲ့ဒေသတွေမှာတော့ မြူဆိုင်း(Fog)တာ ရှိပြီး ၂၀၂၆ ၂ လပိုင်းအထိအေးနေပါဦးမယ်လို့ ခန့်မှန်းထားပါတယ်။
