ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ်ကားလမ်းပေါ် မိုင်တိုင်အမှတ် (၂၀/၅)၊ အရွှဲကျေးရွာအုပ်စု၊ အမြောင်းကျေးရွာအနီး မှာ မနေ့ကညပိုင်းမှာ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာနေရာကို ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ည (၁၀) နာရီ (၂၀) မိနစ်အချိန်မှာတော့ မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#မြန်မာ#မီးလောင်#
