ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်းမှာ မနေ့က ဒီဇင်ဘာလ ၂၃ရက် ညနေ (၆) နာရီခန့်က မိုင်းဆတ်ဘက်က တာချီလိတ်ကို မောင်းနှင်လာတဲ့ Mitsubishi Canter Fuso အမျိုးအစား (၆) ဘီး ယာဉ်တစ်စီးဟာ တောင်တက်လမ်းအရောက်မှာဘဲ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း သိရပါတယ်။
ယာဉ်တိမ်းမှောက်ရာနေရာကို မိုင်းဆတ်ခရိုင်မီးသတ်စခန်းမှ ကရိန်းယာဉ် (၁) စီး၊မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊မိုင်းတွမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့နဲ့ သွားရောက်ကယ်ဆယ်ရေးလုပ်ဆောင်မှုများဆောင်ရွက်ခဲ့ကြပါတယ်။
အဆိုပါယာဉ်ပေါ်မှာ စုစုပေါင်း (၆) ဦး (ကျား ၃ ဦး၊ မ ၃ ဦး) လိုက်ပါလာခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး (၂) ဦး သေဆုံး သွားခဲ့ပြီး ကျန်ရှိတဲ့ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့မှာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) အသီးသီး ရရှိခဲ့ကြပါတယ်။
ဒဏ်ရာရရှိသူများနဲ့ သေဆုံးသူများရဲ့ရုပ်အလောင်းများကို ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နဲ့ မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#မြန်မာ#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း
