စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် မင်းရဲကျော်စွာရပ်ကွက်မှာ မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ညနေ (၅) နာရီ (၃၆) မိနစ်ခန့်က နေအိမ်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာနေရာကို မြင်းမူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီး၊မြင်းမူအရန်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး (စုစုပေါင်း မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၆ စီးနဲ့ သွားရောက်မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ညနေ (၅) နာရီ (၅၅) မိနစ်အချိန်မှာတော့ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Mercury#ပြည်တွင်းသတင်း#mercurynews#မီးလောင်
