Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အမှိုက်ပုံမီးလောင်

၂၀၂၅၊ဇန်နဝါရီလ၊၅ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊၊ ဝါးတရာစက်မှုဇုန်၊ စက်မှုပတ်လမ်းရှိ အမှိုက်ပုံတစ်ခုမှာ မနေ့က ဇန်နဝါရီလ ၄ရက် ညနေ ၆ နာရီ ၁၂ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်ရာနေရာကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှမီးသတ်ယာဉ် (၂) စီး၊လှော်ကားနယ်မြေမီးသတ်စခန်း: မီးသတ်ယာဉ် (၁) စီးသွားရောက်ကာ မီးငြိမ်းသတ်ခြင်းလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြပါတယ်။

ညနေ ၆ နာရီ ၂၀ မိနစ် အချိန်မှာ မီးကိုလုံး၀ငြိမ်းသတ်နိုင်ခဲါကြောင်း မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

#mercury#mercurynews#ရွှေပြည်သာ#မြန်မာ#ပြည်တွင်းသတင်း