၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၅)ရက်
‘တပို့တွဲလ ထမနဲပွဲ’ဆိုတဲ့အတိုင်း ဇန်နဝါရီလအတွင်းမှာ ထမနဲထိုးပွဲနှင့်လှူဒါန်းပွဲ ကမ္ဘာအေးစေတီတော်ကြီးမှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ(၂၇)ရက်ကနေ(၂၉)ရက်တို့မှာ ထမနဲထိုးပွဲကျင်းပမှာဖြစ်ပြီး မြတ်စွာဘုရား၊သံဃာတော်တွေကို ထမနဲဆွမ်းဆက်ကပ်လှူဒါန်းမှာဖြစ်သလို ဘုရားဖူးတွေကိုလည်းထမနဲလှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ထမနဲစတုဒိသာကျွေးဖို့အတွက် ထမနဲလှူဒါန်းလိုသူတွေအနေနဲ့ ထမနဲတစ်ဒယ်ကိုကျပ် ၁၂၀၀၀၀ဖြင့် ပါဝင်လှူဒါန်းနိုင်တယ်လို့ ဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#ထမနဲ#မြန်မာ#စတုဒိသာ
