Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်တွင် စက်ရုံကြိုပို့ ကားတိမ်းမှောက်ပြီး မြန်မာလုပ်သား ၄၂ ဦး ဒဏ်ရာရ

၂၀၂၆၊ဇန်နဝါရီလ၊၁၆ရက်

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်၊ ‌ဆရီယာချာခရိုင်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က စက်ရုံအလုပ်သမားများကို ကြိုပို့လုပ်တဲ့ ဘတ်စ်ကားတစ်စီးဟာ Pin Thong 3 စက်မှုဇုန်အေရှ့ Highway လမ်းသစ်အရောက်မှာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၂ ဦး ဒဏ်ရာရခဲ့ပြီး အဆိုပါမြန်မာလုပ်သားများဟာ Pinthong Industrial Estate မှာ အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြပါတယ်။

ယာဉ်မောင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ်ရှိ Mr. Thiwat ဟာ ဝန်ထမ်းများကို ကြိုပြီး စက်ရုံသို့ ပို့ဆောင်ချိန်မှာ အရှိန် ၃၀-၄၀ ကီလိုမီတာလောက်နဲ့သာ မောင်းနှင်ခဲ့ ကြောင်း၊Khao Tabak တောင်ဆင်းလမ်း အရောက်မှာ ရှေ့က ကွန်တိန်နာကားများနှင့် အတားအဆီး များကြောင့် ဂီယာချပြီး ဘယ်ဘက်သို့ ရှောင်တိမ်ူဖို့ ကြိုးစားခဲ့သော် လည်း ထိန်းမနိုင်ဘဲ တိမ်းမှောက်ခဲ့ရတာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

Nong Kham ရဲစခန်းက‌ ရဲမှူးနှင့် ကယ်ဆယ်ရေး အဖွဲ့သားများက ဒဏ်ရာရရှိ သူများကို ရှေးဦးသူနာပြုစုပေးပြီး Si Racha ခရိုင်အတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အခင်းဖြစ်နေရာမှာ စစ်ဆေးမှတ်တမ်းယူပြီး ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ့် အကြောင်း ထိုင်းနိုင်ငံဘက်မှ သတင်း‌ တွေက ဖော်ပြပါတယ်။