——————————————————————-
မနေ့ကမန္တလေးတိုင်းအတွင်းမှာ အင်အား(၅.၁)အဆင့်ရှိငလျင်လှုပ်ပြီးနောက် ငလျင်ဘေး
ကြိုတင်ပြင်ဆင်ထားရန်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့နေထိုင်တဲ့ နေရာငလျင်ဇုန်ထဲမှာရှိမရှိလေ့လာထားဖို့၊ ဘေးကင်းလုံခြုံတဲ့နေရာ၊လမ်းကြောင်းတွေ သတ်မှတ်ထားဖို့နဲ့ ပြိုကျ၊ပြုတ်ကျ၊ကွဲရှနိုင်တဲ့အရာတွေကိုတွေကို တွဲလျောင်းမထားဖို့အပါအဝင် သတိပေးတဲ့အချက် တွေကို ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်နေချိန် ၊လှုပ်ခတ်ပြီးချိန်တွေမှာ သတိပြုလိုက်နာရမယ့်အချက်တွေနဲ့ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်ဆက်သွယ်ရမယ့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဖွင့်လှစ်ထားရှိထားတဲ့ Hot-Line 067-3404666 , 067-34040777သို့ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

