Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချဲလ်ဆီး အသင်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ခံစစ်ပိုင်း အားဖြည့်မည်

၂၀၂၆၊ဇန်နဝါရီလ၊၁၇ရက်

ချဲလ်ဆီး အသင်းဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ခံစစ်အားဖြည့်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့မပိတ်မှီ ဒီကိစ္စကို အရေးထားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားတွေမှာ ရင်းနက်စ် အသင်းက ဂျယ်ရမီ ဂျက်ကတ်စ် ကိုမိုအသင်းက ဂျာကိုမို ရာမွန် ၊ ဘုန်းမောက် အသင်းက မာကိုစ့်ဆက်နီဆေးလ် တို့ပါဝင်နေပါတယ်။ ဘယ်သူ့ကို ခေါ်ယူမယ် ဆိုတာကို တော့ မကြာမီအတွင်း နောက်ဆုံး ဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးပစ်မှတ်ထားတဲ့ ကစားသမားတွေဟာ ချဲလ်ဆီးအပြင် အခြားထိပ်တန်း ကလပ်အသင်းတွေလည်း စိတ်ဝင်စားနေတာကြောင့် လက်ဦးရဖို့ လုပ်ဆောင်ရဖို့ ရှိပါတယ်။